Delicious LinkedIn Facebook Twitter RSS Feed

Menu Tab လုပ်နည်းများ




 Menu Tab လုပ်နည်းလေးပါပဲ
Menu Tab ဆိုတာ ဘာလဲဆိုတာကနေ စကြည့်လိုက်ရအောင်. ပုံလေးတွေကို ကြည့်လိုက်ပါ. အဲဒါ Menu Tab လေးတွေပါပဲ.






ဘလော့ဂ်တန်းပလိတ်တိုင်းမှာ Menu Tab မပါကြပါဘူး. ပါတဲ့ တန်းပလိတ် တစ်ချို့ ရှိပါတယ်. ဒါပေမယ့် Wordpress အတွက် အများစုဖြစ်နေကြတယ်. Blogger Platoform အတွက်ကျပြန်တော့လည်း ရှိတော့ရှိပါရဲ့. Classic Template အတွက် ဖြစ်နေတတ်ပြီးတော့ New Blogger Widget Template အတွက် Menu Tab ထည့်ပေးပြီးသား မရှိတတ်ကြပါဘူး. ဒီတော့ ကိုယ်တိုင်ကိုယ်ကျ ထည့်တတ်အောင် လေ့လာသင်ယူလိုက်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလားဗျာ…

ပထမဦးဆုံးအနေနဲ့ ကိုယ်လုပ်မယ့် Menu Tab အတွက် Button လေးတွေကို ဖန်တီးယူရပါမယ်. Photoshop နိုင်နင်းတဲ့သူတွေအတွက်ဆိုရင်တော့ ကိုယ်ပိုင် Button လေးတွေကို ဖန်တီးနိုင်မှာပါ. Flash သမားတွေဆိုရင် ပိုတောင်မှ အဆင့်မြင့်တဲ့ Button လေးတွေ လုပ်ဖို့ အခွင့်အလမ်းအများကြီးရှိပါတယ်. အဲ. ကိုယ်တိုင် မလုပ်တတ်ရင်လည်း စိတ်မပူပါနဲ့. ဒီမှာ အဆင်သင့် လုပ်ပေးပြီးသား Button လေးတွေ ရှိပါတယ်. ကိုယ့်စိတ်ကြိုက် ပုံလေးတွေကို သိမ်းထားနိုင်ပါတယ်.




Black




Blackleft.gif




Blackright.gif


Blue




Blueleft.gif




Blueright.gif


Green




Greenleft.gif




Greenright.gif


Red




Redleft.gif




Redright.gif


Ungu




Unguleft.gif




Unguright.gif


White




whiteleft.gif




whiteright.gif


Yellow




yellowleft.gif




yellowright.gif


ကဲ. ပုံလေးတွေ ယူလိုက်ပြီနော်. ဒါဆိုရင် စလိုက်ကြရအောင်.

အဆင့် (၁)

- Blogger ထဲကို Sign in ၀င်ပါ. Layout>Template>Edit Html ကိုသွားပါ.

- တန်းပလိတ်ကို Backup လုပ်ဖို့ လုံးဝ (လုံးဝ) မမေ့ပါနဲ့. ဒါမှ မတော်တဆ အမှားလုပ်ခဲ့မိရင်တောင် ကိုယ့်ဘလော့ဂ်လေး မပျက်စီးနိုင်တော့ဘူးပေါ့.

- Expand Widget Templates ဆိုတဲ့ Box လေးကို Check လုပ်ခဲ့ပါ.

အဆင့် (၂)

- ပြီးသွားရင်တော့ တန်းပလိတ်ထဲမှာ ]]></b:skin> ဆိုတဲ့ Code လေးကို လိုက်ရှာပါ. တွေ့ပြီဆိုတာနဲ့ အောက်မှာ ဖော်ပြပေးမယ့် ကုဒ်ဒင်းလေးတွေကို အပေါ်ကနေ ကပ်လျက်ထည့်ပေးလိုက်ပါ.

/* Menu Tab Starts Here */

tabshori {
float:left;
width:100%;
font-size:13px;
border-bottom:1px solid #2763A5;
line-height:normal;
}
#tabshori ul {
margin:0;
padding:10px 10px 0 50px;
list-style:none;
}
#tabshori li {
display:inline;
margin:0;
padding:0;
}
#tabshori a {
float:left;
background:url("http://www.fileden.com/files/2007/2/17/784534/blackleft.gif") no-repeat left top;
margin:0;
padding:0 0 0 4px;
text-decoration:none;
}
#tabshori a span {
float:left;
display:block;
background:url("http://www.fileden.com/files/2007/2/17/784534/blackright.gif") no-repeat right top;
padding:5px 14px 4px 4px;
color:#24618E;
}
/* Commented Backslash Hack hides rule from IE5-Mac \*/
#tabshori a span {float:none;}
/* End IE5-Mac hack */
#tabshori a:hover {
background-position:0% -42px;
}
#tabshori a:hover span {
background-position:100% -42px;
}

အပေါ်မှာ ပြထားတဲ့ ကုဒ်ဒင်းလေးတွေထဲမှာ Default အနေနဲ့ Black Button လေးကို ထည့်ပေးထားပါတယ်. ကိုယ်ကြိုက်တဲ့ အရောင် ပြောင်းယူနိုင်ပါတယ်. အနီရောင်ကြိုက်ရင် blackleft.gif နေရာမှာ redleft.gif ဆိုပြီးတော့ တစ်ခါ၊ blackright.gif နေရာမှာ redright.gif ဆိုပြီးတော့ တစ်ခါ နှစ်နေရာမှာ ပြောင်းပေးရပါမယ်. ဒီလောက်ဆို သဘောပေါက်ပြီထင်ပါတယ်.

ဒီနေရာမှာ တစ်ခု ဖြတ်ပြောချင်ပါတယ်. ဘာလဲဆိုတော့ အခုကျွန်တော်ပေးထားတဲ့ Button လေးတွေအတွက် URL တွေကို သူများတင်ပေးပြီးသား လင့်ခ်တွေကို ယူသုံးတာထက် Hosting Site တစ်ခုခုမှာ ကိုယ်ပိုင်ကောက်တင်ပြီး ယူသုံးတာ ကိုယ့်အတွက် ပိုစိတ်ချရပါတယ်. မဟုတ်ရင်တော့ ၀ိုင်းပြီး သုံးသူတွေ များနိုင်တာကြောင့် Bandwidth မနိုင်တာတွေ ဖြစ်လာနိုင်ပြီး ကိုယ့်ဘလော့ဂ်မှာ တင်ထားတဲ့ Menu Tab လေးတွေ ခဏခဏ ဒေါင်းသွားတတ်ပါတယ်.

File Hosting မလုပ်ခင် ကိုယ်ကြိုက်တဲ့ ပုံလေးတွေကို အရင်ဆုံး Save လုပ်ပါ. ဖိုင်လ်တွေကို ဘယ်လိုမျိုး Host လုပ်ရလဲဆိုတာကို သိချင်ရင်တော့ ဒီပို့စ်လေးကို ဖတ်ပြီး လေ့လာစမ်းသပ်ကြည့်ပါခင်ဗျာ….

Button လေးတစ်ခုကို အစမ်းသဘောအနေနဲ့ တင်ပြပေးပါမယ်. အစိမ်းရောင်လေးကို ရွေးလိုက်ပါမယ်. တင်ရမယ့် ဖိုင်က နှစ်ခုပါ. Greenleft.gif နဲ့ Greenright.gif ပါ.



File Hosting လုပ်နည်း အကျဉ်းချုပ်


Free File Hosting ပေးတဲ့ Site တွေထဲကမှ Fileden ကို ကျွန်တော်ရွေးလိုက်ပါမယ်.

Upload ဆိုတဲ့ Tab လေးကို ရွေးပါမယ်.



ကိုယ်တင်ချင်တဲ့ ဖိုင်လေးတွေကို Browse ကနေ တစ်ဆင့် ရွေးပါမယ်. ပြီးရင်တော့ Upload လုပ်ပါမယ်.



ကျွန်တော်တင်ချင်တဲ့ Greenleft.gif နဲ့ Greenright.gif ဖိုင်လေးတွေကို ရွေးပြီးတော့ Upload လုပ်ပါမယ်.



နောက်တစ်မျက်နှာမှာ ပေါ်လာမှာကတော့ ကျွန်တော်တို့တင်လိုက်တဲ့ ဖိုင်လေးတွေရဲ့ URL လင့်ခ်လေးတွေပါပဲ. Selection လုပ်ပြထားတဲ့ URL လေးတွေကို ကူးယူလိုက်ရင် File Hosting လုပ်တဲ့ Process အောင်မြင်စွာ ပြီးဆုံးသွားပါပြီ.



အခု ကျွန်တော်တို့ရဲ့ Case မှာတော့ ဒီလင့်ခ်လေးနှစ်ခုကို ယူလာရပါမယ်.

http://www.fileden.com/files/2007/2/17/784534/greenleft.gif နဲ့

http://www.fileden.com/files/2007/2/17/784534/greenright.gif တို့ပဲ ဖြစ်ပါတယ်.

အဲဒီ့လင့်ခ်လေးနှစ်ခုကို အပေါ်မှာ ဆွေးနွေးထားခဲ့သလိုပဲ

http://www.fileden.com/files/2007/2/17/784534/blackleft.gif နဲ့

http://www.fileden.com/files/2007/2/17/784534/blackright.gif ဆိုတဲ့

နေရာလေးတွေမှာ အသီးသီး အစားသွင်းပေးလိုက်ရင် ကိုယ့်စိတ်ကြိုက် Button လေးတွေကို Menu Tab လုပ်တဲ့ အဆင့်ပြီးသွားပြန်ပါပြီ….


အဆင့် (၃)

ဒီအဆင့်က နည်းနည်းခက်ပါတယ်. လန့်မသွားပါနဲ့ဦး. သတိထားပြီး ဖတ်စေချင်လို့ပါ. ဘာလို့လဲဆိုတော့ ဘလော့ဂါတွေ သုံးတဲ့ တန်းပလိတ်တွေက တစ်ခုနဲ့ တစ်ခု မတူကြဘူးမဟုတ်လား. ဒီတော့ အခုပြမယ့် Tricks လေးတွေထဲက တစ်ခုခုနဲ့ အဆင်ပြေမပြေ ကိုယ်တိုင် အရင်စမ်းသပ်ကြည့်ဖို့ လိုပါတယ်. ဒါကြောင့် ဒီအဆင့်လေးကို သတိထားပြီး ဖတ်စေချင်ပါတယ် ခင်ဗျာ.

ပထမဦးဆုံး အခု ကျွန်တော်ပေးလိုက်မယ့် ကုဒ်ဒင်းလေးကို ကော်ပီကူးထားစေချင်ပါတယ်.

<div id="tabshori">
<ul>
<!-- Change the links with your own links -->
<li><a href=" http://yanaung.blogspot.com/ ">မူလစာမျက်နှာသို့</a></li>
<li><a href="Your Link Here">Your Link Name</a></li>
<li><a href="Your Link Here">Your Link Name</a></li>
</ul>
</div >


ဥပမာ လုပ်ပြပေးထားတဲ့ လင့်ခ်လေးတွေနေရာမှာ ကိုယ့်စိတ်ကြိုက် လင့်ခ်လေးတွေ ထည့်ပေးဖို့တော့ မမေ့ပါနဲ့.

ရပြီဆိုရင်တော့ အဲဒီ့ကုဒ်ဒင်းလေးတွေကို ကော်ပီကူးပြီး အသင့်ပြင်ထားနော်.

ကဲ. ဆက်လုပ်လိုက်ကြရအောင်.

နည်းလမ်း (၁)

<div id="content-wrapper"> ဆိုတဲ့ ကုဒ်ဒင်းလေးကို တွေ့အောင် ရှာပါ. တွေ့ခဲ့ရင်တော့ အခုနက ကျွန်တော်တို့ ကော်ပီကူးထားတဲ့ ကုဒ်ဒင်းလေးတွေကို အခုတွေ့နေရတဲ့ <div id="content-wrapper"> ဆိုတဲ့ ကုဒ်ဒင်းလေးအပေါ်ကနေ ကပ်လျက် ထည့်ပေးလိုက်ပါ.

Template ကို Save မလုပ်ပါနဲ့ဦး. အရင်ဆုံး Preview ကြည့်ကြည့်ပါ. ကြိုက်ပြီလား. အိုကေ. ဒါဆိုရင် Save လုပ်လို့ရပါပြီ.

ဟာ. မဟုတ်သေးဘူး. Menu Tab ပေါ်နေတဲ့ နေရာကို မကြိုက်ဘူး. ဒါဆိုရင်တော့ နောက်တစ်မျိုး ကြိုးစားကြည့်ပါမယ်.

တန်းပလိတ်ထဲမှာ </div> ဆိုတဲ့ ကုဒ်ဒင်းလေးတွေ အများကြီးရှိပါတယ်. အဲဒါလေးတွေကို ရှာပြီး အပေါ်ကနေ ကပ်လျက်မှာ ကော်ပီကူးဖို့ ပြောထားတဲ့ ကုဒ်ဒင်းလေးတွေကို ထည့်ပေးလိုက်ပါ. တန်းပလိတ်ထဲမှာ </div> ဆိုတာလေးတွေ အများကြီးပါပါလိမ့်မယ်. ကြိုးစားကြည့်ပါ. ကိုယ့်စိတ်ကြိုက်နေရာမှာ Menu Tab လေးပေါ်လာသည်အထိပေါ့. Preview ခဏခဏ လုပ်ကြည့်ပါ. စိတ်ကြိုက်ရပြီဆိုတော့မှ Save Template လုပ်ပါ.

ဒါက နည်းလမ်း (၁) ပေါ့. တန်းပလိတ်အများစုက ဒီနည်းလမ်းနဲ့ အဆင်ပြေတတ်ကြပါတယ်.

မပြေဘူးဆိုခဲ့ရင်ရော…

Fine! Here is another method…

နည်းလမ်း (၂)

တန်းပလိတ်ထဲမှာ အောက်ပါ ကုဒ်ဒင်းလေးတွေကို လိုက်ရှာပါ.

<b:section class='header' id='header'
maxwidgets='1' showaddelement='no'>
<b:widget id='Header1' locked='true'
title='your blog title (Header)' type='Header'/>
</b:section>

တွေ့ခဲ့ရင် အနီရောင်နေရာလေးတွေကို အခုလို ပြင်လိုက်ပါ.

<b:section class='header' id='header'
maxwidgets='2' showaddelement='yes'>
<b:widget id='Header1' locked='false'
title='your blog title (Header)' type='Header'/>
</b:section>

ပြီးသွားခဲ့ရင်တော့ တန်းပလိတ်ကို Save လုပ်ခဲ့ပါ. ပြီးရင် Page Element> Add Page Element> HTML/Javascript ကို ရွေးပါ. ရပြီဆိုရင်တော့ ခုနက ကော်ပီကူးခိုင်းထားတဲ့ ကုဒ်ဒင်းလေးတွေကို ပေါ်လာမယ့် Content Box လေးထဲမှာ ထည့်ပေးလိုက်ပါ. Save လုပ်ပါ. Preview ကြည့်ကြည့်ပါ.



ကိုရန်အောင် ဆီမှကူးယူထားပါသည်။

ကမ္ဘာသစ် ဂြိုဟ်သစ် ရှာဖွေသူများ


Artist's rendering of Kepler-20e and Kepler-20f, Earth-sized exoplanets orbiting sun-like star, Dec. 20, 2011.

 သိပ္ပံပညာရှင်တွေ  ရှာဖွေနေကြတဲ့ ကမ္ဘာသစ် ဂြိုဟ်သစ်တွေ အကြောင်း Illinois ပြည်နယ် Spoon River ကောလိပ်က နက္ခတ္တဗေဒပါမောက္ခ ဒေါက်တာ ၀င်းသာထွေးက ပြောပြပေးမှာပါ။
"ပထမတော့ နေမိသားစုထဲမှာ ဂြိုဟ် ၉လုံး အပြင် တခြားဂြိုဟ်များ ရှိမလားလို့ ရှာပါတယ်။ အဲဒီအခါမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတွေ နေမိသားစုထဲမှာ တွေ့ပါတယ်။ ဒါပေမယ့်လို့ နေမိသားစု အပြင်ဘက်မှာ လူတွေနေနိုင်မလား သက်ရှိသတ္တ၀ါတွေ ရှင်သန် နေထိုင်နိုင်မလား ဆိုတဲ့ နေရာတွေကိုလည်း ကျွန်တော်တို့ ရှာကြတယ်"
ဒီအာကာသပညာရှင်တွေ လိုက်ရှာနေတာက လူတွေ နေထိုင်နိုင်လောက်တဲ့ အနေထားရှိတဲ့ ဂြိုဟ်တွေကို ရှာတာပေါ့နော်
"လူတွေထက် သက်ရှိတွေ ရှင်သန် နေထိုင်နိုင်တဲ့ နယ်ပယ်ထဲမှာ ရှိမယ့် ဂြိုဟ်တွေကို ရှာတာပါ။ အဓိက အားဖြင့်တော့ အပူရှိန်ပေါ့။ နေနဲ့ သိပ်နီးတယ် ဆိုရင်လည်း ပူလွန်းအားကြီးတယ်။ သိပ်ဝေးရင်လည်း  အေးလွန်းအားကြီးတယ်။ ဆိုတော့ ကျွန်တော်တို့ ကမ္ဘာနဲ့ ခပ်ဆင်ဆင်တူတဲ့ အပူချိန်ရှိတဲ့ နေရာကို ရှာတာပေါ့။ ကမ္ဘာကတော့ ၇၀- ၈၀ ဒီဂရီ ဖါရင်ဟိုက် ဒါမှမဟုတ်ရင်လည်း  ၂၃- ၂၅ ဒီဂရီ Celcius ပေါ့။ ဒီနေရာတွေ မှာက အပူရှိန်အားဖြင့်ကလည်း သင့်တော်တယ်။ ပြီးတော့ လေထုကလည်း ရှိနေရမယ်။ နောက် ရေကလည်း ရှိနေရမယ်ဆိုတဲ့ နေရာမျိုးကို ရှာရမှာပါ"
အဲဒီလိုနေရာမျိုး ဘယ်နှစ်ခုလောက် အခုလောလောဆယ်မှာ တွေ့ထားပြီလဲ
"လောလောဆယ် အားဖြင့်တော့ နာဆာ NASA ကတွေ့ထားတာ ဖြစ်နိုင်တဲ့ ဂြိုဟ် ၂၆ လုံးရှိတယ်။ ဒါပေမယ့် ကမ္ဘာနဲ့ အဆင်တူဆုံး ကတော့ ကက်ပလာ ၂၂  သူက ကမ္ဘာနဲ့ တော်တော့်ကို တူတယ် ဆိုပြီးတော့ ကောက်ချက် ချထားပါတယ်။ ဥရောပကတော့ ၂ခု တွေ့ထားတယ်။  ဥရောပ တောင်ပိုင်းမှာ ရှိတဲ့အဖွဲ့က ၃.၆ မီတာရှိတဲ့ မှန်ပြောင်းကြီးကို ချီလီနိုင်ငံ လာဆီးလားမြို့  La Silla  တောင်ပေါ် တင်ထားပါတယ်။ သူက ကျတော့ နဂါးငွေ့တန်း အထဲထဲမှာ ရှိနေတဲ့ ကြယ်စုတွေကို လေ့လာနေပါတယ်။ ဒီကြယ်စုတွေထဲမှာ အများဆုံး ရှိနေတာက red dwarf လို့ခေါ်တဲ့ နေအသေး ဆုံးလေးတွေပေါ့။ အဲဒါတွေက ၈၀%လောက်က နဂါးငွေ့တန်းထဲမှာ ရှိနေတယ်။ သူက အဓိက အားဖြင့် red dwarf လို့ခေါ်တဲ့ နေအသေးစားလေးတွေမှာ ပတ်နေတဲ့ ဂြိုဟ်တွေကို လိုက်ရှာ ကြတာပေါ့။  ဂြိုဟ် ၂ခုကတော့ ကမ္ဘာနဲ့ တော်တော်လေးဆင်ဆင် တူတာ တွေ့ထား တာတော့ ရှိတယ်"
နာဆာက တွေ့ထားတဲ့ လူတွေ နေတဲ့ ကမ္ဘာနဲ့ တော်တော် လေးကို တူတယ် ဆိုတဲ့ ဂြိုဟ်က ဘယ်နားမှာ ရှိပါသလဲ
"ကျွန်တော်တို့ မြောက်ပိုင်း အာကာသပြင်ကို ကြည့်လိုက်မယ် ဆိုလို့ ရှိရင် Northern Cross လို့ ခေါ်ပါတယ်။ ကြက်ခြေခတ် ပုံသဏာန် ရှိနေတဲ့  ကြယ်စုထဲမှာ ရှိပါတယ်။ အပူရှိန်ကလည်း ၇၁ ဒီဂရီ ဖါရင်ဟိုက် ဒါမှမဟုတ် ၂၃ ဒီဂရီ Celcius ဆိုတော့ ကမ္ဘာနဲ့ တော်တော်လေး ဆင်တူတာ တွေ့တယ်။ ဒါပေမယ့် သူက ကမ္ဘာထက်  ၂ဆခွဲလောက် ပိုကြီးတဲ့ ဂြိုဟ်ပါ"
အဲဒီနေရာက ကမ္ဘာကနေ ဘယ်လောက်ဝေးပါလဲ
"အဲဒါက အလင်းနှစ်ပေါင်း ၆၀၀ ဝေးပါတယ်။ အလင်းနှစ် ဆိုတာက အလင်းရောင် တနှစ်မှာ ဘယ်လောက် သွားသလဲ ဆိုတဲ့ အကွာဝေးကို အလင်းနှစ် တနှစ် လို့ ခေါ်တာကိုး။ ဆိုတော့ အလင်းရဲ့ အလျင်နဲ့သွားရင် နှစ် ၆၀၀ ကြာမှ အဲဒီနေရာကို ရောက်မှာပါ"
နေမိသားစု ထဲမှာ ဘယ်ဂြိုဟ်တွေ ပါပါသလဲ
"နေမိသားးစုက ခုနပြောသလိုပဲ ဂြိုဟ်ကြီး ၉လုံး ရှိတာကိုး။ မာကျူရီကနေ ဗီးနပ်စ်တို့၊ ကမ္ဘာတို့ အင်္ဂါဂြိုဟ်တို့ ကြာသပတေးဂြိုဟ်တို့ ဟိုးနောက်ဆုံး ပလူတို အထိပါတယ်။ ဒါပေမယ့် ပလူတို ကျတော့ စာရင်းထဲကနေ ပယ်ထားတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ သိပ်သည်းခြင်းက နဲတဲ့ အတွက်ကြောင့် မို့ပါ။ ပြီးတော့ သူက အစိုင်အခဲ တခုအနေမဟုတ်ပဲနဲ့ ဓါတ်ငွေ့ အစိုင်အခဲအနေနဲ့ ရှိတယ်ဆိုပြီးတော့ သိပံပညာရှင်တွေက ဒီစာရင်းထဲကနေ ပယ်ထားတယ်။ ဂြိုဟ်သိမ် ဂြိုဟ်မွှား စာရင်းထဲကို ထည့်လိုက်တာပါ။ ဒီအတောအတွင်းမှာ ထပ်ပြီးတော့ အင်္ဂါဂြိုဟ်နဲ့ ကြာသပတေး ဂြိုဟ်ကြားထဲမှာ ရှိတဲ့ ဥက္ကာပျံ အစိုင်အခဲတွေ ကြားထဲမှာ တော်တော်လေး ကြီးတဲ့ ဂြိုဟ် တခု တွေ့ ထားတယ်။ အဲဒါက ဂြိုဟ်သိမ်ဂြိုဟ်မွှား ပေါ့လေ။ ဆဲလ်စ် လို့ ခေါ်တယ်။  နောက်တခါ ပလူတို ပတ်ဝန်းကျင် မှာ ကျတော့ မာကီမာကီတို့၊ ဟာမီဟူး မေးယားတို့ လို ဂြိုဟ်လေးတွေ ထပ်တွေ့သေးတယ်။ တခြား ဂြိုဟ်သိမ် ဂြိုဟ်မွှား လေးတွေလည်း တော်တော်များများ တွေ့ထားတာ ရှိပါသေးတယ်"
နေမိသားစုထဲမှာ ဂြိုဟ်သစ်တွေ တွေ့ခဲ့တာပါ။ နေမိသားစုရဲ့ အပြင်ဘက်မှာရော
"နေမိသားစုမှာ ပလူတိုဆိုတဲ့ ဂြိုဟ်ပတ်ဝန်းကျင်က ဟာကို ကျတော့ Kiper belt လို့ခေါ်တာကိုး။ ဘာလို့လဲ ဆိုတော့ သူက ရေခဲမှုန်တွေ များနေတဲ့ ပတ်လမ်းကြီးပေါ့။ အဲဒီအပြင်  နေနဲ့ ကမ္ဘာရဲ့ အကွာအဝေး ထက် အဆပေါင်း တသောင်း ၅ထောင် လောက်ဝေးတဲ့နေရာ လောက်မှာ ကြယ်တံခွန် လို့ခေါ်တဲ့ comet တွေ ချည်းပဲ ပြည့်နေတာ။ သူက ဘီလျံနဲ့ ချီပြီးတော့ ရှိနေတာ သန်းထောင်ပေါင်းများစွာ ရှိနေတာ။ အဲဒီမှာ ကျတော့ ဂျူပီတာထက် ဒြဗ်ထု လေးဆလောက်ရှိတဲ့ ဂြိုဟ်တခု တွေ့တယ်လို့ လွန်ခဲ့တဲ့ ၂နှစ် လောက်က လူဝီစီယားနား ပြည်နယ်က ရူပဗေဒ ပညာရှင် တယောက်က အဆိုပြုထားပါတယ်။ အဲဒါကိုတော့ အခုထိ လေ့လာနေတုန်းပါပဲ"
red dwarf လို့ခေါ်တဲ့ နေအသေးလေးတွေကကို  cool stars လို့လည်းခေါ်တာတွေ့ရပါတယ်။ ဘာဖြစ်လို့ပါလဲ
"HR diagram လို့ခေါ်တဲ့ နေတွေကို အတန်းအစား ခွဲတဲ့ အခါမှာ ကြီးတဲ့ ဂြိုဟ်တွေက ပိုပြီးတော့ အလင်းရောင် များတယ်။ ပိုပြီးတော့ ပူတယ်။ သေးတဲ့ ဂြိုဟ်တွေက အလင်းရောင်နဲတယ်၊ အေးတယ်။ ပြီးတော့ ကျွန်တော်တို့က သတ်မှတ်ထားတာက အပူချိန်ကို Kelvin ကယ်လ်ဗင် ဆိုတဲ့ absolute unit နဲ့ တိုင်းမယ် ဆိုရင် သေးတဲ့ ဂြိုဟ်တွေက ၂၀၀၀ ကယ်လ်ဗင်ကနေပြီးတော့ အများဆုံးကြယ်က ၂သောင်း ကယ်လ်ဗင် အထိသွားတယ်။  ကျွန်တော်တို့ရဲ့ နေကြီးက ကယ်လ်ဗင် ၅၈၀၀ အပူချိန် ရှိပြီးတော့ ဒီ red dwarf ကကျတော့ ၂၅၀၀ လောက် ပတ်ဝန်းကျင်လောက်မှာပဲ ရှိပါတယ်။ ဒါကြောင့် သေးလဲသေးတယ်။ အရောင်ကလည်း မှိန်တယ်။ ပြီးတော့ အပူချိန်ကလည်း တော်တော်လေး နဲပါတယ်။ ဒါကြောင့်မို့ အနီရောင် ကြယ်လေးတွေလို့ ခေါ်တာပါ
ဒီလိုမျိုး ဂြိုဟ်တွေ လိုက်ရှာနေတာဟာ အခုလောလောဆယ် လူသားတွေ အတွက် အကျိုး ဖြစ်ထွန်းပါ့မလား
ဥရောပ အဖွဲ့က တွေ့ထားတာမျိုးကျတော့ အလင်းနှစ် ၃၀ နေရာမှာ ရှိတဲ့ ဂြိုဟ် ၂ခုကို တွေ့ထားတာ။ ဆိုတဲ့ သဘောက ကျွန်တော်တို့ ဒီကနေ့ အလင်း အလျင်နဲ့ သွားမယ် ဆိုရင် အဲဒီနေရာကို အနှစ် ၃၀လောက်မှာ ရောက်မှာကိုး။  ဒါပေမယ့် တခုရှိတာက အဲဒီနေရာတွေကို သွားနိုင်ဖို့ ဖြစ်နိုင်တာက လောလောဆယ် ကျွန်တော်တို့မှာ ခုရှိတဲ့ နည်းပညာအရနဲ့ ရော သက်တမ်းအရ ဆိုရင် အခက်အခဲလေးတွေ ရှိနေသေးတယ်။ ဒါပေမယ့်လို့ မကြာခင်မှာတော့ ဒီထက် ပိုကောင်းတဲ့ နည်းပညာတွေ ရလို့ ရှိရင် နောက်  ကျွန်တော်တို့ ဒီ့ထက် ပိုပြီး နေနိုင်မယ် ဆိုရင်တော့ သွားနိုင်မယ့် အခြေနေတွေ ရှိတာပေါ့"
ဒီလို ကမ္ဘာသစ်တွေ ဂြိုဟ်သစ်တွေ ရှာတာ ဘာလုပ်ဖို့ ပါလဲ
ကျွန်တော်တို့က စူးစမ်းချင်တဲ့ စိတ်တွေ ရှိနေတာကိုး။ စင်္ကြာဝဠာထဲမှာ လူသားတွေ ချည်းပဲ ရှိတာလား။  တခြား ဂြိုဟ်သားတွေရော မရှိနိုင်ဘူးလား။  ဒါကစူးစမ်း ချင်တဲ့ စိတ်တွေနဲ့ ကျွန်တော်တို့ ရှာတာပါ။ နာဆာကနေပြီးတော့  ရေဒီယို တယ်လီ စကုပ်တွေနဲ့ ကြည့်နေပါတယ်။ ဘယ်ဂြိုဟ်ကများ အချက်ပြ အဆက်အသွယ်တွေ လုပ်မလဲ ဆိုပြီးတော့ ကျွန်တော်တို့ အခု လေ့လာနေတယ်။ တော်တော်လေး ကြာနေပါပြီ။  ဒီအချိန်အထိ တခါမှ မတွေ့ဘူးသေးပါဘူး။ ကျွန်တော်တို့က ရှိမျုား ရှိမလား ဆိုပြီး ရှာနေကြတုန်းပါပဲ
ဘယ်နှစ်နှစ်လောက်ရှိပြီလဲ ဆရာ ခန့်မှန်းခြေဆိုရင်
ဟာ ဒါဟာ ကြာပြီ။ ၁၈နှစ်လောက် ရှိနေပါပြီ။ သူတို့ ရှာနေကြတာ။ ဆက်တီလို့ ခေါ်ပါတယ်။ ဒီ ဆက်တီ ဆိုတဲ့ အစီအစဉ်က စင်္ကြာဝဠာ ကနေပြီးတော့ လာနေတဲ့ ရေဒီယို အဆက်အသွယ် အချက်ပြတွေကို ဖမ်းယူနေတယ်။ ဒါပေမယ့် ဒီ အချိန်အထိ တခါမှ မတွေ့သေးပါဘူး
ဆရာပြောသလို တော်တော် အလှမ်းဝေးနေလို့ ဖြစ်မယ်
"ဟုတ်မယ့် တော်တော် ဝေးမှာပေါ့။ တကယ်လို့ ခုနပြောသလိုပေါ့။ ကျွန်တော်တို့တွေ့ထားတဲ့  ဂြိုဟ်သစ် တလုံးက အလင်းနှစ် ၃၀ အကွာမှာ ရှိတယ် ဆိုရင် ကျွန်တော်တို့ ဒီကနေ့ သူတို့ ဆီကို နေကောင်းလား ဆိုပြီးတော့ signal ပို့လိုက်မယ် ဆိုရင် အနှစ် ၃၀ နေပြီးမှ သူတို့ ဆီကိုရောက်မယ်။ ရောက်ပြီး သူတို့ ကလည်း သိပ်သဘောကောင်း ပြီးတော့ သိပ်ပြီးတော့လည်း မိတ်ဆွေ ဖြစ်ချင်တယ် ဆို ချက်ချင်းပြန် ပို့လိုက်ရင် နောက်ထပ် အနှစ် ၃၀ နေပြီးမှ ကျွန်တော်တို့ ဆီ ပြန်ရောက်လာမှာဖြစ်ပါတယ်"
ဒေါက်တာဝင်းသာထွေးပါ။
VOA မှ ရယူထားပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဆောက်အဦဒီဇိုင်း


ဒူဘိုင်းနိုင်ငံမှ အဆောက်အအုံ ဒီဇိုင်းပညာရှင်တစ်ဦးက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးစေမည့် ပိရမစ်သဏ္ဍန် အဆောက်အအုံ ပုံစံတစ်ခုကို ရေးဆွဲခဲ့သည်။ လက်ရှိအချိန်တွင် ပုံနှိပ်စာရွက်အဖြစ်သာရှိနေသေးသော အဆိုပါအဆောက်အအုံမှာ မကြာမီအချိန်အတွင်း အမှန်တကယ်ဖြစ်လာရန် မျှော်လင့်ကြောင်း ဒီဇိုင်းကုမ္ပဏီ Timelinksက ပြောကြားခဲ့သည်။ ခေတ်ရှေ့ပြေးပုံစံတစ်ခုအဖြစ် လှပခမ်းနားစွာ မွမ်းမံထားမည့် ထိုပိရမစ်ကို မှန်နံရံကြီးများနှင့် ကာရံထားမည်ဖြစ်ပြီး လူတစ်သန်းခန့် နေနိုင်ရန် ဒီဇိုင်းရေးဆွဲထားသည်ဟု သိရသည်။ Zigguartဟု အမည်ပေးထားသည့် အဆိုပါပိရမစ်အဆောက်အအုံ၏ စွမ်းအင်သုံးစွဲမှုကို လေစွမ်းအင်သုံးတာဘိုင်များမှ ဖြည့်ဆည်းသွားမည်ဖြစ်သောကြောင့် ကာဘွန်ထုတ်လွှတ်မှုကို ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့အပြင်(၂.၃)စတုရန်းကီလိုမီတာ ကျယ်ဝန်းသော အဆိုပါအဆောက်အအုံကြီးအတွင်း မော်တော်ယာဉ်များသုံးစွဲရန် ခွင့်ပြုမည်မဟုတ်ဘဲ ရထားသံလမ်းများကိုသာ အသုံးပြုသွားမည်ဖြစ်သည်။ ကျယ်ဝန်းလှသော ထိုအဆောက်အအုံကြီးအတွင်း နေထိုင်သူများမှာ ထိုသံလမ်းမှတဆင့် အဆောက်အအုံအတွင်း မြေပြင်အနှံကသွားလာနိုင်မည်သာမက အပေါ်အောက်ပါ အတက်အဆင်းပြုလုပ်နိုင်မည်ဟု ဆိုသည်။ Zigguartမှာသဘာဝ၏စွမ်းအင်ကို အပြည့်အ၀အသုံးချထားသည့် မြို့တော်တစ်ခုသဖွယ် ဖြစ်လာမည်ဟု Timelinksအကြီးအကဲ ရိုင်ဒက်စ် မွန်တိုနစ်ကပြောကြားခဲ့သည်။


Zigguartအတွင်း စွမ်းအင်သုံးစွဲမှုမှာ အလုံအလောက်ရှိနေမည်ဖြစ်ပြီး ပြင်ပစွမ်းအင်အကူအညီကို လိုအပ်မည်မဟုတ်ဟု ၎င်းကဆိုသည်။ အဆောက်အအုံထဲတွင် ရေနွေးငွေ့စွမ်းအင်နှင့် လေအားသုံး တာဘိုင်နည်းပညာများကို အသုံးပြုသွားမည်ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အထောက်အကူပြုမည်ဟု မွန်တိုနစ်က ပြောကြားခဲ့သည်။ Zigguartမှာတည်ဆောက်ပုံရှုပ်ထွေးသော်လည်း အများနှင့်သက်ဆိုင်သော အပန်းဖြေအလှအပနေရာများ၊ သီးသန့်ဆန်သော လူနေခန်းများနှင့် စနစ်တကျဖွဲ့စည်းထားကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် Carbon Print အဖြစ်သာရှိနေသေးသော်လည်း Zigguart၏သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုအပြင် အခြားသောအရည်အသွေးများကြောင့် ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ထိုပိရမစ်အဆောက်အအုံအား တည်ဆောက်သွားရန် စိတ်ဝင်စားနေကြကြောင်း Timelinksကုမ္ပဏီက ပြောကြားသွားသည်။
Source: Dailymail

ကမ္ဘာအရပ်ရပ်မှ တီထွင်သူများ


ကမ္ဘာအရပ်ရပ်က တီထွင်သူတွေနဲ့ သူတို့ရဲ့တီထွင်မှုတွေပါ။ နယ်ပယ်အရပ်ရပ်ကမို့ ဘယ်ခေါင်းစဉ်အောက်မှာ ရေးရမှန်းမသိလို့ ဒီနေရာလေးမှာပဲရေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ဒီထက်ထပ်မံပြည့်စုံအောင် ဆက်လက်ဖော်ပြသွားပါမယ်။

A

* Vitaly Mikhaylovich Abalakov, (1906-1986), Russia — camming devices, Abalakov thread (or V-thread) gearless ice climbing anchor.


* Robert Adler, (1913-2007), Austria/United States — wireless remote control
Resigzed ImageClick this bar to view the full image.


* Akbar the Great, (1542-1605), Mughal India — prefabricated home, movable structure


* Turhan Alçelik (c. 2006), Turkey — non-glaring headlamp

* Rostislav Alexeyev, (1916-1980) , Russia – Ekranoplan.


* Mary Anderson, (1866–1953), United States — windshield wiper blade


* Archimedes, (c. 287-212 BC), Greece — Archimedes&#039; screw


* Ami Argand, (1750-1803), France — Argand lamp


* Edwin H. Armstrong,(1890-1954), USA — FM radio
Resigzed ImageClick this bar to view the full image.


* William George Armstrong, (1810-1900), UK — hydraulic crane


* Neil Arnott, (1788-1874), UK — waterbed


* Al-Ashraf, (fl. 1282-1296), Yemen — dry compass


* Joseph Aspdin, (1788-1855), England — Portland cement


* John Vincent Atanasoff, (1903-1995), United States — modern programmable computer

အရည်းကြီး ကြောင်းသိကောင်းစရာ

                           အရည်းကြီးတို့ရဲ့ ကျင့်စဉ်တွေဖြစ်သော...

    * ရေငုတ်
    * မီးလှုံ
    * တုံးခုံ
    * ဇယ်ခုတ်  ခြင်းတွေပါ။


                ရေငုပ်ရမယ်တဲ့၊ ဒါဟာဆောင်ပုဒ်။ ဆောင်ပုဒ်က တိုတောင်းတိကျပေမယ့် သူ့ရဲ့ လက်တွေ့ကျင့်စဉ်က ခက်ခဲကျယ်ဝန်းလှတယ်။ အင်မတန်အေးတဲ့ ဆောင်းရာသီရဲ့ ညဥ့်သန်းခေါင်မှာ အင်မတန်အေးတဲ့ ရေကန်တွင်းကို ဆင်းရတယ်။ အရိုးကွဲမတတ် အေးစက်နေတဲ့ရေထဲမှာ တစ်ကိုယ်လုံးကို ငုပ်ဆင်းနစ်မြှုပ်ရတယ်။ သွေးခဲပြီးအသက်ရှူလို့ မရတော့လောက်အောင် ပင်ပန်းဆင်းရဲနေတဲ့အချိန်မှာ မနောအာရုံက အဲ့ဒီရေနဲ့ ရေထဲက မိမိခန္ဓာကိုယ်ကို အခြားနေရာဆီပို့လွှတ်ထားရတယ်။ ရေရဲ့ အအေးဒဏ်ကို မေ့ပျောက်ပစ်ရမယ်။ အအေးဓာတ်ကို လျစ်လျူရှုပစ်ရမယ်။

                  မီးလှုံရမယ်တဲ့ ဒါလဲ ဆောင်ပုဒ်ပဲ။ ပူပြင်းတဲ့ မီးတောက်မီးလျှံတွေကြားထဲမှာ ဖြတ်သန်းရတယ်။ မီးရဲ့အပူကို ခန္ဓာကိုယ်က ထိတွေ့နေပေမဲ့ မနောအာရုံက ဒီမီးအပူကို လျစ်လျူရှုနိုင်အောင် ကြိုးစားရမယ်။

                 တုံးခုန်ရမယ်တဲ့ အကြိမ်ကြိမ်အထောင် အသောင်း၊ မနားတမ်းတရစပ် တစ်ဆက်တည်း သစ်တုံးကြီးတွေကို ခုန်ကျော်ရတယ်။ ခန္ဓာကိုယ်ကို  အနားမပေးရဘူး။ ချွေးသီးချွေးပေါက်တွေက မိုးရေလို တဖြိုင်ဖြိုင်ကျနေတယ်။ မောဟိုက်လွန်းတဲ့အတွက် အသည်းနှလုံးဟာ ခံတွင်းကနေ ခုန်ထွက်လွင့်စဉ် သွားတော့မလားထင်ရတယ်။ အဲ့ဒီလောက် မောဟိုက်နေတဲ့ကြားထဲက နေပြီး မနောအာရုံဟာ လန်းဆန်းနေအောင် ကျင့်ကြံရတယ်။

                    ဇယ်ခုတ်ရမယ်တဲ့ ရွေးစေ့ပေါင်းများစွာကို အစုအပုံလိုက်ထား၊ တစ်စေ့ချင်းတစ်စေ့ချင်းယူပြီး နေရာရွေ့ပြီးပုံ၊ မူလအပုံမှာ ရွေးစေ့ အားလုံးကုန်သွားသည်အထိ အရေအတွက်ကို အတိအကျမှတ်သား။ အပုံသစ်ကနေ တစ်ခါနောက်တစ်ပုံ အသစ်ထပ်ပြီး တစ်စေ့ချင်းရေတွက်ပြီးထပ်ပုံ။ ရရှိလာတဲ့ အရေအတွက်ဟာ မူလအတိုင်း ထပ်တူမညီရင်တော့ ကြီးလေးတဲ့အပြစ်ဒဏ်ခံရတယ်။ ဒီကျင့်စဉ်ဟာ ရွေးစေ့ကို နေရာရွှေ့ပြီး ရေတွက်စုပုံတာဆိုပြီး ပေါ့ပေါ့တန်တန် လုပ်လို့ဖြင့် မရပေဘူး။ ထောင်သောင်းချီတဲ့ ရွေ့စေ့တွေ တစ်စေ့ချင်းအပေါ်မှာ အာရုံကို စူးစိုက်ပြီး ရေတွက်နေရတာဟာ ကြာလေပင်ပန်းလေ၊  အာရုံတင်းကျပ် ကိုက်ခဲလေလေ ကျင့်စဉ်ပဲ။

                    စတဲ့... စတဲ့... ဒီလိုကျင့်စဉ်တွေရဲ့ အချုပ်ကတော့ ခန္ဓာကိုယ်ကို များများနှိပ်စက်ပေးလေလေ ၀ိညာဉ်ဟာ  ဖြုစင်လာလေလေ ဆိုတဲ့အချက်ပဲ အရည်းဆရာတို့ရဲ့ကျင့်စဉ်တိုင်းဟာ ၀ိညာဉ်ဖြုစင် မွန်မြတ်ရေးကို ဦးတည်တယ်။ ဒီနေရာမှာ ယုတ်ညံ့တဲ့ စိတ်အာရုံတို့ကို မညှာမတာ ထိန်းချုပ်မောင်းနှင်းတဲ့ နည်းလမ်းမျိုးစုံ အသုံးချရတယ်။ ဒီလိုထူးဆန်းနက်နဲတဲ့ ကျင့်စဉ်တွေ အပြင် ဆေးဝါးအတတ်၊ အင်းအိုင်လက်ဖွဲ့၊ ဂါထာမန္တန်အတတ်တွေကိုလဲ မနေမနား ဆည်းပူးကြရတယ်။

                     မထီးကျောင်းတော်ကြီးဟာ အနီးအနားဒေသတစ်ဝိုက်မှာသာမက အရိမန္ဒနပူရ တစ်ဝန်းလုံးအထိ ဂုဏ်သတင်းမွှေးကြိုင်ခဲ့တယ်။ ပြည်သူပြည်သားတို့ရဲ့ အကျိုးကိုလည်း ဆောင်ရွက်ပေးကြတယ်။ ဆေးဝါးကုသပေးတယ်။ မကောင်းဆိုးဝါးတွေ မကပ်နိုင်အောင် ဂါထာ မန္တန်အစီအရင်လုပ်ပေးတယ်။ ဆုတောင်းပူဇော်ပွဲတွေ၊ ယဇ်ပွဲတွေကျင်းပပေးတယ်။ လူငယ်လူရွယ်တွေကို လက်ရုံးရည် ထက်မြက်အောင် လေ့ကျင့်သင်ကြားပေးတယ်။

                          သြဇာတိက္ကမ တဖြည်းဖြည်းကြီးမားလာတဲ့ အများလူထုရဲ့ ယုံကြည်ကိုးစားမှုကို တစ်စတစ်စရရှိခဲ့ယူလာခဲ့တဲ့ သမထီးကျောင်းတော်ကြီးမှာ.... “ပန်းဦးလွတ်ပွဲ”ဆိုတဲ့ ဓလေ့တစ်ခု ၀င်ရောက်လာခဲ့တဲ့ အချိန်မှစပြီး သမထီးကျောင်းတော်ကြီးရဲ့ မွှေးကြိုင်လာတဲ့ ဂုဏ်သတင်းထဲမှာ အပုပ်နံ့တစ်ခုထောင်းခနဲ ရောစွက်လာတော့တာပဲ....။

ဓါတ်ပြား နှင့် ရေဒီယို တေးသီချင်း.... ရေးဖွဲ့ သူများ


တေးရေးအမည်=အလင်္ကာကျော်စွာ မြို့မငြိမ်း
အမည်ရင်း=ဦးကျော်ငြိမ်း
မွေးသက္ကရာဇ်= ၁၉၀၈ ခုနှစ်  မတ် လ 
မိဘ = ဦးညီ +ဒေါ်ချင်ဦး
ဇနီး= ဒေါ်သန်းမေ
ဇာတိ= မန္တလေး  မြို့
ကွယ်လွန်သောနေ့ = ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်
ကျော်ကြားသောတေးများ=နတ်ရှင်နောင် ၊ စစ်ကိုင်းတောင် ၊ သက်ဝေ ၊
လူချွှန်လူကောင်း ၊ တိမ်လွှာမို့မို့လွင် ၊ ယဉ်တစ်ကိုယ်မယ်၊ ပျို့မှာတမ်း ။

ဂီတစာဆို အမည်=အလင်္ကာကျော်စွာ ရွှေပြည်အေး
အမည်ရင်း=မောင်တင်အေး
မွေးသက္ကရာဇ်=၁၉၀၉  ခုနှစ် ဖေဖေါ်ဝါရီ လ ၁၃ ရက်  
မိဘ=ဦးနု + ဒေါ်လှိုင်
ဇာတိ= ရန်ကုန်
ကျော်ကြားသောတေးများ= ကဉ္စန ၊ ။ ကျေးစေတမန် ။ ကိုလူပျိုချော၊
ထိုးကွင်းလေးနဲ့ ခြင်းခတ်သူ ။ နပန်းဆံ  ။ နန်းကေသီ ။ မိုး ၊ ဘရဏီ ။
 ကွယ်လွန်သည့်ခုနှစ်= ၁၉၇၇  ခုနှစ် အောက်တိုဘာလ ၂၄ ရက် 
တေးရေးအမည်=အလင်္ကာကျော်စွာ စိန်ဝေလျှံ
အမည်ရင်း= ကိုဖိုးဝေ
မွေးသက္ကရာဇ်= ၁၉၁၄ ခုနှစ်  
မိဘ = ဦးပေါ +ဒေါ်တုတ်
ဇနီး= စိန်ဂျွန်းခင်မေ
ဇာတိ= ဒီပဲရင်း  ရွှေဘို မြို့
ကျော်ကြားသောတေးများ=ပေဖူးလွှာ ၊ ဆီမလူးတဲ့ ပေဖူးလွှာ ၊ ငွေ ၊
အိုဘယ့် တံချူရှင် ၊ မလေး လက်ခတ်သံ ၊ သဘင်ရူး ။
တေးရေးအမည်= ၀ဏ္ဏကျော်ထင် ရန်နိုင်စိန်(ရွှေဂုဏ်စိန်)
အမည်ရင်း= ဦးခင်မောင်စိန်
မွေးသက္ကရာဇ်= ၁၉၁၉ ခုနှစ်
မိဘ = ဦးချစ် +ဒေါ်မှုန်
ဇနီး= ဒေါ်ခင်ခင်ရီ
ဇာတိ= ထန်းတပင်.. ရန်ကုန် မြို့
ကျော်ကြားသောတေးများ=  မဟာဒုတ် ၊ အလောင်းတော်ကုသ ၊
လသာတဲ့ည ၊ မိန်ရာသီ ၊ ပြန်လည်ထူထောင်ရေး ၊ ၀တစ်လုံး ။
တေးရေးအမည်= ဂီတစာဆို သောတမောင်(ခေတ်စမ်းတင်)
အမည်ရင်း= ကိုတင်မောင်
မွေးသက္ကရာဇ်= ၁၉၁၉  ခုနှစ်    
မိဘ = ဦးချစ် +ဒေါ်စိုး
ဇနီး= ဒေါ်တင်တင်
ဇာတိ= ၀ါးခယ်မ မြို့
ကျော်ကြားသောတေးများ=မြင်းလှည်းကလေးနဲ့ခေါ် ၊ စမ်းရေအိုင် ၊
တွေးရခက်ကြီး ၊ ဆောင်းအမီ ၊ ရွှေနှင်းဆီ ၊ ရိုင်းတဲ့ဇင်ယော် ။
 ကွယ်လွန်သည့်ခုနှစ်= ၁၉၅၅  ခုနှစ်
တေးရေးအမည်= ဂီတစာဆို လင်းခေးလုလင်
အမည်ရင်း= ဦးမောင်မောင်ကြီး
မွေးသက္ကရာဇ်= ၁၉၂၁ ခုနှစ်    
ဇနီး= ဒေါ်ခင်အုံးမြင့်လေး
ဇာတိ= ဇိုင်းကနိုင်း  ပဲခူး မြို့
ကျော်ကြားသောတေးများ= ဇေယျာရွှေမြေ ၊ သာချို ၊ ရွှေကျေးတမာ ၊
ပါးမှာနံသာ ခါးမှာပုဝါ ၊ သလ္လာဝတီ ၊ ဂီတပရိယာယ် ၊ လမြတ်ကဆုန် ။
တေးရေးအမည်= ဦးရဲအောင် ( တယော ဦးဒီပိုး )
အမည်ရင်း= ကိုကိုကြီး
မွေးသက္ကရာဇ်= ၁၉၂၂ ခုနှစ်    
ဇာတိ= ၃၅ လမ်း  ရန်ကုန် မြို့
ကျော်ကြားသောတေးများ= ဆံရစ်ဝိုင်း ၊ အုံးစက်ပါ့ ဘုန်းလက်ယာ ၊
ဒိုးကလေး ၊ ရွှေညာသူ ၊ ပျိုလေးရဲ့ ညိုထွေး ၊ ဆွမ်းအုပ်နီနီ ။
ပင်တိုင် တေးအဖွဲ့= ချိုတေးရှင် ကာလပေါ်
တေးရေးအမည်=ချိုတေးဆက် ဦးအောင်ကိုး
အမည်ရင်း= ကိုမင်းဇော်
မွေးသက္ကရာဇ်= ၁၉၂၆ ခုနှစ် ဖေဖေါ်ဝါရီ လ 
မိဘ = ဦးဘိုကြီး +ဒေါ်ရှင်
ဇနီး= ဒေါ်ခင်ဖြူ
ဇာတိ= ၁၂ လမ်း  ညောင်တုန်း မြို့
ကျော်ကြားသောတေးများ= အချော့တော် ၊ စိမ်းလဲ့ညို ၊ မမေ့တဲ့နိုင် ၊
တန်ပါ့ မဖုရား ၊ ဘယ်မှာလဲ အချစ်ရယ် ၊ မြတ်ဆရာ ၊ အပျိုဖျန်း(တင့်တင့်တို့ အရွယ်)
ပင်တိုင် တေးအဖွဲ့= ချိုတေးဆက် တူရိယာ
 ကွယ်လွန်သည့်ခုနှစ်= ၁၉၉၇  ခုနှစ် ဇန်န၀ါရီ လ ၁၂ ရက်
တေးရေးအမည်=ဂီတစာဆို ဦးသက်ဦး
အမည်ရင်း=မောင်သန်းတင့်
မွေးသက္ကရာဇ်= ၁၉၃၀ ခုနှစ် 
မိဘ = ဦးငွေခိုင်+ဒေါ်အေးစိန်
ဇနီး=ဒေါ်ကြည်ကြည်
ဇာတိ= မောင်ငံရပ် မော်လမြိုင် မြို့
ကျော်ကြားသောတေးများ=
နှင်းပျောက်တဲ့နွေ ၊ တောသူအချစ်၊ သီတာရေစင် ၊ ယုံတမ်းစကား ၊
သိ င်္ဂီ ၊ ဒေ၀စ္ဆရာ ၊ သဲကြီးမဲကြီး ၊ ရွှေဘုံပေါ်မှာ စံချင်ပါတယ်၊
တေးရေးအမည်=ပန်တျာ ချစ်လှိုင်
အမည်ရင်း=ကိုချစ်လှိုင်
မွေးသက္ကရာဇ်= ၁၉၃၂ ခုနှစ်  ဇန်န၀ါရီ လ 
မိဘ = ဦးစံထွား +ဒေါ်သုံ
ဇာတိ= သံပုရာချောင်း  ပန်းတနော် မြို့
ကျော်ကြားသောတေးများ=ညမွေးပန်း ၊ ဒို့များ အရွယ်ညောင်းခဲ့ရင် ၊
  ပျံချင်ပြီလား မြကျေးရှင် ၊ အချစ်သူ့ကြောင့်မုန်းရတယ် ၊ သူတို့လို ၊
တေးရေးအမည်=ဂီတစာဆို စန္ဒယား လှမိုး
အမည်ရင်း=ကိုလှမိုး
မိဘ = ဦးကျင်ပိုင်+ဒေါ်စောရှင်
ဇာတိ= ဒေးဒရဲ မြို့
ကျော်ကြားသောတေးများ=
ကမ်းခြေဇေယျာဦးဝယ် ၊ ပန်သစ္စာ ၊ အင်းယားကိုမုန်းသည်၊
ဘကြီးအောင်ညာတယ် ၊ ညီမလေးရယ်စိုးရိမ်မိတယ် ၊ နှောင်းသစ္စာ ၊
ပင်တိုင် တေးအဖွဲ့= စန္ဒယား လှမိုး တူရိယာအဖွဲ့
တေးရေးအမည်= ရဲသီဟ ဦးတင်အောင်
အမည်ရင်း=ကိုတင်အောင်
မိဘ = ဦးဘိုးကြန်+ဒေါ်မြလေး
ဇနီး=ဒေါ်ခင်ရီ
ဇာတိ= သရက်တော ဘားအံ မြို့
ကျော်ကြားသောတေးများ=၀မ်းစာ ၊အခြေသတင်းကြီးတဲ့ ရွှေမင်းသမီး ၊
ပန်းပိတောက်တွေကြွေရာမြေ ၊ ဘ၀ချင်းဆုံတွေ့ပါရစေ ၊ ကျွန်တော့ ရည်မှန်းချက် ၊
ပင်တိုင် တေးအဖွဲ့= ရဲသီဟ
တေးရေးအမည်=ဂီတစာဆို ဦးကျော့မှုး
အမည်ရင်း=ကိုမျိုးမြင့်ဇော်
မိဘ =ဒီဇူဇာ ဦးခင်ဇော်+ဒေါ်ခင်နွဲ့
ဇာတိ=၁၃ လမ်း  ရန်ကုန် မြို့
ကျော်ကြားသောတေးများ=ပုဂံမြို့ဟောင်းတစ်နေရာ ၊ မြိုင် ၊
လူပျက်ကလေးမောင်ရွှေရိုး ၊ ကောလိပ်ဂျင် ၊ အငြိမ့်သမ ၊
ပင်တိုင် တေးအဖွဲ့=လေလှိုင်းသံ
တေးရေး အမည်= ကိုတင်အောင်သန်း
အမည်ရင်း= ကိုတင်အောင်
မိဘ = ဒေါက်တာ ဦးရွှေမြ+ဒေါ်ရွှေတင်
ဇာတိ= မုဒုံ..မော်လမြိုင်မြို့
ကျော်ကြားသောတေးများ=  မိုးယံမှသည် ချစ်သူဆီသို့ ၊
                     စမ်းရေ ၊  လူမရောက် လွှာမစေ၊
ပင်တိုင် တေးအဖွဲ့=  ဂီတဉ္စလီ
တေးရေးအမည်= ဂီတစာဆို စန္ဒယား ငွေစိုး
အမည်ရင်း=မောင်ငွေစိုး
မွေးသက္ကရာဇ်= ၁၉၄၀ ခုနှစ် 
မိဘ = ဦးဘသင်+ဒေါ်တင်တင်
ဇနီး= ဒေါ်ညွန့်ညွန့်အေး(တေးသံရှင်)
ဇာတိ= ရန်ကုန် မြို့
ကျော်ကြားသောတေးများ=လှပါတယ်မေရယ် ၊ အနားမှာနေပါ ၊
 ပန်ပေးပါရစေ စပါယ်တစ်ကုံး ။ အစ်ကိုပြောတဲ့ ချစ်စကား ၊ စပါယ်လိုလို နှင်းဆီလိုလို
.တေးဂီတ စာဆိုများ၏ ....သမိုင်းမှတ်တမ်း များကို..
အောက်ပါစာအုပ်များမှ...အကိုးအကား..ပြုပါသည်။
(က) တေးရေးပညာရှင်ကြီးများ၏
နှောင်းခေတ် ကာလပေါ်တေးများ...အတွဲ (၁)
ပြန်ကြားရေးဝန်ကြီးဌာန ။
(ခ) တေးရေးပညာရှင်ကြီးများ၏
နှောင်းခေတ် ကာလပေါ်တေးများ...အတွဲ (၂ )
ပြန်ကြားရေးဝန်ကြီးဌာန ။
(ဂ) နှောင်းအတိတ်က မဟောင်းသောပုံရိပ်လွှာများ.....
တက္ကသိုလ် ခင်မောင်ဇော်  ။
(ဃ) သီချင်းပန်းများ လန်းပွင့်စေသူများ.....
တက္ကသိုလ် ခင်မောင်ဇော်  ။

သန်းခေါင်စာရင်းဟူသည် ...


သန်းခေါင်စာရင်းဟူသော ဝေါဟာရမှာ ဆယ်နှစ်တစ်ကြိမ် လူဦးရေ ရေတွက်ခြင်းနှင့် လူဦးရေစာရင်းများ
ကောက်ယူခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၁၈၇၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ညသန်းခေါင်အချိန်တွင် အောက်မြန်မာပြည်၌ ဗြိတိသျှတို့ ပထမအကြိမ် လူဦးရေစာရင်း ကောက်ယူခဲ့ရာမှယခုထက်တိုင် သန်းခေါင်စာရင်းဟု အမည်တွင်လာခြင်းဖြစ်သည်။
ယခုခေတ် သန်းခေါင်စာရင်း၏ အဓိပ္ပါယ်မှာ လူဦးရေ ရေတွက်ခြင်းနှင့် လူတို့နှင့်ပတ်သက်သည့် ကိုယ်ရေး
အကြောင်းအရာ စာရင်းအင်းများသာမက လူတို့၏ လူမှုရေး၊ စီးပွားရေး အကြောင်းအရာ အားလုံးကို
တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသော စာရင်းကို သန်းခေါင်စာရင်းဟု ခေါ်ပေသည်။
သန်းခေါင်စာရင်းများတွင် လူဦးရေ သန်းခေါင်စာရင်း၊ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စိုက်ပျိုးရေး
အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှု အကြောင်းအရာ သန်းခေါင်စာရင်း၊ စီးပွားရေး ကုန်သွယ်ရေးသန်းခေါင်စာရင်း စသည်တို့ ပါဝင်ပေသည်။

သာမန်အားဖြင့် အခြေခံ စာရင်းအင်းများသာ ပါဝင်သော သန်းခေါင်စာရင်းကြီးကို ဆယ်နှစ်တစ်ကြိမ် သို့မဟုတ်ငါးနှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသော်လည်း လူမှုရေး၊ စီပွားရေး အကြောင်းအရာ အရပ်ရပ်၏ အသေးစိတ်စာရင်းအင်းများကို နမူနာနည်းဖြင့် ကောက်ယူခြင်း သို့မဟုတ် အပြည့်အဝ ကောက်ယူခြင်း၊ လစဉ် သို့မဟုတ်နှစ်စဉ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် သို့မဟုတ် သုံးနှစ်တစ်ကြိမ် စသည်ဖြင့် စာရင်းအင်းအမျိုးအစားနှင့်လုပ်ဆောင်သည့် စီမံကိန်း အမျိုးအစားပေါ်မူတည်၍ ဆောင်ရွက်ရပေသည်။ ထို့ကြောင့် သန်းခေါင်စာရင်းများမှာလူအများထံမှ မေးမြန်းခြင်းအားဖြင့် ရယူသော အချိန် မှန်ကောက်ယူသည့် စာရင်းအင်းများနှင့် အခါအားလျော်စွာကောက်ယူသည့် စီးပွားရေး၊ လူမှုရေး စာရင်းအင်းအားလုံး ပါဝင်ပေသည်။
သန်းခေါင်စာရင်း ကောက်ယူမှု၏ အရေးကြီးပုံနှင့် အသုံးဝင်ပုံ
သန်းခေါင်စာရင်းသည် ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး စသည့်
အကြောင်းအရာ အားလုံးနှင့် သက်ဆိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် မည်သည့်လုပ်ငန်းကို
ဆောင်ရွက်သည်ဖြစ်စေ၊ သန်းခေါင်စာရင်းနှင့် ကင်းကွာမရပေ။ သန်းခေါင်စာရင်းကို အခြေခံရမြဲ ဖြစ်ပေသည်။တိုင်းပြည်၏ လူဦးရေ၊ ပြည်နယ်တိုင်းနှင့် ဒေသအသီးသီးအလိုက် လူဦးရေပျံ့နှံ့မှု၊ အသက်အပိုင်းအခြားအလိုက်ယောက်ျား၊ မိန်းမဦးရေ၊ ပညာသင်ကြားလျှက်ရှိသူ၊ ပညာတတ်မြောက်သူ၊ အမျိုးမျိုး အစားစားသောလုပ်ငန်းများတွင် လုပ်ကိုင်လျှက်ရှိသူ လူဦးရေ၊ အိမ်ထောင်ရေး အခြေအနေနှင့် ကလေးမွေးဖွားမှု စသည်တို့ပါဝင်သော လူမှုရေး၊ စီးပွားရေး အကြောင်းအချက်များကို တိုင်းပြည်တစ်ဝန်းလုံးအတွက် လည်းကောင်း၊ဒေသအသီးသီးအတွက် လည်းကောင်း၊ ခွဲခြမ်းစိတ်ဖြာ၍ မှန်ကန်စွာ သိရှိလေ့လာနိုင်ရန် သန်းခေါင်စာရင်းများကိုကောက်ယူရပေသည်။ ထို့ပြင် တိုင်းရင်းသား လူမျိုးများအားလုံး၏ စီးပွားရေးကို စီမံကိန်းဖြင့် အကောင်အထည်ဖော်ရေးအတွက် သန်းခေါင်စာရင်းသည် အရေးတကြီး လိုအပ်သော ကိစ္စတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့်သန်းခေါင်စာရင်းသည် ပြည်သူ တစ်ဦးချင်းအတွက် လည်းကောင်း၊ တိုင်းပြည်အတွက် လည်းကောင်း များစွာ အရေးကြီးပေသည်။
မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူမှု သမိုင်းအကျဉ်း
မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူမှု သမိုင်းကြောင်းကို လေ့လာလျှင် အောက်ပါအတိုင်း တွေ့ရပေသည်။
(က) မြန်မာဘုရင်ခေတ် သန်းခေါင်စာရင်း ကောက်ယူမှု၊
(ခ) ကိုလိုနီခေတ် သန်းခေါင်စာရင်း ကောက်ယူမှု၊
(ဂ) မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်း ကောက်ယူမှု၊
(ဃ) တော်လှန်ရေးကောင်စီ တက်ရောက်ပြီးနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူမှု။
(က) မြန်မာဘုရင်ခေတ် သန်းခေါင်စာရင်း ကောက်ယူမှု
မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကပင် လူဦးရေနှင့် အိမ်ထောင်စုများ အရေအတွက်ကို ရေတွက်
ကောက်ယူခဲ့ခြင်းကို “စစ်တမ်း” ကောက်ယူသည်ဟု ခေါ်ဆိုခဲ့သည်။ စစ်တမ်းသည် အခွန်တော် ကောက်ခံရေး၊စစ်သား စုဆောင်းရေးအတွက် အဓိကထား ဆောင်ရွက်ခြင်းဖြင့် ခန့်မှန်းခြေ လူဦးရေစာရင်းများ ရရှိနိုင်သည်။ထို့ပြင် မြို့ရွာများ၌ အခွန်ကောက်ခံပုံ မရှင်းမလင်းဖြစ်သော အခါ၌ လည်းကောင်း၊ ထမ်းရိုးရွက်ရိုး အစီအစဉ်များမရှင်းမလင်းသော အခါ၌ လည်းကောင်း၊ နယ်နိမိတ်များ မရှင်းမလင်းသော အခါ၌ လည်းကောင်း၊ မင်းကအခွန်ဘဏ္ဍာ လျော့ပါးသည်ဟု ထင်မြင်သော အခါ၌ လည်းကောင်း စစ်တမ်းများ ကောက်ယူလေ့ ရှိသည်။
စစ်တမ်းများတွင် ယေဘူယျအားဖြင့် အစဉ်အလိုက် ပါတတ်သည့် အကြောင်းအရာတို့ကား မည်သည့်ခုနှစ်၊
မည်သည့်နေ့၌ မည်သူအားစစ်မေးပုံ၊ နယ်မြေသမိုင်း၊ အုပ်ချုပ်သူတို့၏ မျိုးရိုး၊ နယ်မြေ အပိုင်းအခြား၊
ယင်းနယ်မြေရှိ မြေအမျိုးအစား၊ ယင်းနယ်ပယ်တွင် စိုက်သောသီးနှံနှင့် အခွန်ကောက်ခံပုံ၊ ပစ္စည်းရောင်းဝယ်ရာ၌အခွန်တော် ပေးရပုံ၊ ထွက်ကုန်အပေါ် အခွန်ကောက်ခံပုံ၊ အရှင်မရှိသော ကျွဲနွားများကို စီရင်ပုံ၊ ဘုရင်ကမြို့သူကြီးများအား မည်သို့ အဆောင်အရွက် တာဝန်ပေးထားပုံ၊ ယင်းမြို့သူကြီး ကွယ်လွန်က သင်းဂြိုဟ်ရသည့်ထုံးစံ၊ မြို့စား နယ်စားတို့က ဘုရင်ထံသို့ လက်ဆောင်ပဏ္ဏာ ဆက်ရပုံ စသည်တို့ဖြစ်သည်။
စစ်တမ်း စတင်ပေါ်ပေါက်သော ကာလကို တိကျစွာ မသိရပေ။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၅၀၀) ခန့်က
တကောင်းမင်းဆက် သတိုးဇမ္ဗူဒီပ မဟာဓဇရာဇာ မင်းလက်ထက်တွင် လူဦးရေ ရေတွက်မှု လုပ်ငန်းကို
စတင်ဆောင်ရွက်သည်ဟု သိရပေသည်။ ၄င်းမင်းလက်ထက်တွင် ဘုရားတစ်ဆူ တည်ထားကိုးကွယ်ရန်အတွက်
ယင်းအုပ်စိုးသော နယ်မြေ ဒေသများတွင်ရှိသော တိုင်းသူ ပြည်သားများကို တစ်အိမ်ထောင် အုပ်တစ်ချပ်
လှူစေပြီး တိုင်းပြည်၏ အိမ်ထောင်ဦးရေနှင့် လူဦးရေကိုသိအောင် ဆောင်ရွက်ခဲ့သည်ဟု သိရပေသည်။ ပုဂံပြည်
အနော်ရထာမင်း (အေဒီ ၁၀၄၄-၇၇) လက်ထက်ကလည်း မြို့ရွာများကို စနစ်တကျ စုစည်း၍ လူအင်အား
အရေအတွက် စိစစ်ပြီး ရာပြု၊ ထောင်ပြု၊ သောင်းပြု၊ သိန်းပြု စသည်ဖြင့် ကာကွယ်ရေး အရေးအခင်းများ
ပေါ်ပေါက်လျှင် သတ်မှတ်ထားသော လူအင်အား ပို့ဆက်ရသည်ဟု သမိုင်းကျမ်းများက ဆိုသည်။
မင်းကြီးစွာစော်ကဲ လက်ထက်မှစတင်၍ စစ်တမ်းကောက်ခံသည်ဟု မှတ်သားရသော်လည်း ထိုစစ်တမ်းကို
ယခုအခါ ရှာဖွေမတွေ့ရှိဟု သိရသည်။ သာလွန်မင်းတရား (အေဒီ ၁၆၃၇) မြန်မာသက္ကရာဇ် ၉၉၉
ညောင်ရမ်းဆက် တွင်လည်းကောင်း၊ ဆင်ဖြူရှင်မင်းလက်ထက် ကောက်ခံသော ၁၁၂၆ ခုနှစ် စစ်တမ်းများ၊
၁၁၂၇ ခုနှစ် စစ်တမ်းများ၊ ဘိုးတော်ဘုရား (ဗဒုံမင်း၊ အေဒီ ၁၇၈၂၊ မြန်မာသက္ကရာဇ် ၁၁၄၅) လက်ထက်
၁၁၄၅ ခုနှစ် စစ်တမ်းများ၊ ၁၁၄၆ ခုနှစ် စစ်တမ်းများ၊ ၁၁၆၄ ခုနှစ် စစ်တမ်းများကိုသာ တွေ့ရသည်။
ကုန်းဘောင်ခေတ် အလောင်းမင်းတရား လက်ထက်မှတစ်ပါး အခြားမင်းများ လက်ထက်တွင် စစ်တမ်းများ
ကောက်ခံကြသည်ဟု အဆိုရှိသည်။ သီပေါမင်းလက်ထက်တွင် ၁၂၄၄ ခုနှစ်၊ တပို့တွဲလ၌ ၁၁၄၅ ခုနှစ်
စစ်တမ်းမှာ နှစ်တစ်ရာ ရှိပြီဖြစ်၍ စစ်တမ်း ထပ်မံကောက်ယူ ဆက်သွင်းစေသည်ဟု သိရပေသည်။
(ခ) ကိုလိုနီခေတ် သန်းခေါင်စာရင်း ကောက်ယူမှု
မြန်မာ-အင်္ဂလိပ် ပထမ စစ်ပွဲနှင့် ဒုတိယ စစ်ပွဲများ ပြီးဆုံးသွားသောအခါ ရခိုင်တိုင်း၊ တနင်္သာရီတိုင်းနှင့်
ပဲခူးတိုင်းတို့သည် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရာ နယ်ချဲ့တို့သည် ၁၈၇၂ ခုနှစ်တွင် ထိုတိုင်းသုံးတိုင်း၌သန်းခေါင်စာရင်း ပထမအကြိမ် ကောက်ယူသည်။ သန်းခေါင်စာရင်း ကောက်ယူမည့်နေ့ကို ၁၈၇၂ ခုနှစ်၊သြဂုတ်လ ၁၅ ရက်၊ မြန်မာသက္ကရာဇ်  (၁၂၃၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်) ကြာသာပတေးနေ့ဟုသတ်မှတ်ပြီး ယင်းည သန်းခေါင်ယံ အချိန်တွင် ရန်ကုန်မြို့၏ လူဦးရေစာရင်းကို ကောက်ယူခဲ့သည်။ ထိုသို့သန်းခေါင်အချိန်တွင် လူဦးရေ စာရင်း ကောက်ယူမှုကို အစွဲပြု၍ “သန်းခေါင်” စာရင်း ကောက်ယူသည်ဟု ခေါ်ဝေါ်သုံးစွဲကြောင်း သိရပေသည်။
၁၈၇၂ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ခရိုင်အလိုက် ခွဲခြားကောက်ခံခဲ့ရာ ရခိုင်တိုင်းတွင် စစ်တွေခရိုင်၊ရမ်းဗြဲခရိုင်၊ သံတွဲခရိုင်၊ ရခိုင်မြောက်ပိုင်းခရိုင် ဟူ၍ သတ်မှတ် ကောက်ယူခဲ့ရာ လူဦးရေစုစုပေါင်း   လေးသိန်းရှစ်သောင်းကျော်၊ တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကျိုက္ခမီခရိုင်၊ သံလွင်ခရိုင်၊ရွှေကျင်ခရိုင်၊ တောင်ငူခရိုင် ဟူ၍ သတ်မှတ် ကောက်ယူခဲ့ရာ လူဦးရေ ခြောက်သိန်းကျော်၊ ပဲခူးတိုင်းတွင် ရန်ကုန်ခရိုင်၊ ပုသိမ်ခရိုင်၊ မြန်အောင်ခရိုင်၊ ပြည်ခရိုင်၊ သရက်ခရိုင် ဟူ၍ သတ်မှတ် ကောက်ယူခဲ့ရာ လူဦးရေတစ်သန်းကျော် ရှိခဲ့ကြောင်း သိရသည်။ ဒုတိယ အကြိမ်အဖြစ် ၁၈၈၁ ခုနှစ်တွင် ကောက်ယူခဲ့သည်။
၁၈၉၁ ခုနှစ်တွင် တတိယအကြိမ် သန်းခေါင်စာရင်းကို ထပ်မံ ကောက်ယူပြန်ရာ ၁၈၈၅ ခုနှစ်၌ ဗြိတိသျှတို့
သိမ်းပိုက်ခဲ့သော အထက်မြန်မာပြည်၏ စာရင်းများ ပါဝင်ခဲ့သည်။ သန်းခေါင်စာရင်းများကို ဆယ်နှစ်တစ်ကြိမ်ကောက်ယူခဲ့ရာ ၁၈၈၁ ခုနှစ်တွင် လူဦးရေ သုံးသန်းကျော်၊ ၁၈၉၁ ခုနှစ်တွင် ရှစ်သန်းကျော်၊ ၁၉၁၁ ခုနှစ်တွင်(၁၂) သန်းကျော်၊ ၁၉၂၁ ခုနှစ်တွင် (၁၃) သန်းကျော်၊ ၁၉၃၁ ခုနှစ်တွင် (၁၄) သန်းကျော်နှင့် ၁၉၄၁ ခုနှစ်တွင်(၁၆) သန်းကျော် ရှိခဲ့ကြောင်း သိရပေသည်။
(ဂ) မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်း ကောက်ယူမှု
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး အကြောင်း အချက်အလက်များ
ပိုမိုပြည့်စုံစွာ ရရှိရန် သန်းခေါင်စာရင်းများကို ၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း (၂၅၂) မြို့နှင့် ချင်းပြည်နယ်တို့တွင်
လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာပြည် ပြည်မ ကျေးရွာအုပ်စုပေါင်း (၂,၁၄၃) အုပ်စုနှင့် ကချင်ပြည်နယ်ရှိ
ကျေးရွာအုပ်စု (၁,၀၁၆) အုပ်စုတွင်လည်းကောင်း သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ ကျန်ဒေသများတွင်
အခြေအနေ အရပ်ရပ်ကြောင့် ဆက်လက်ကောက်ယူခြင်း မပြုနိုင်ခဲ့ပေ။
(ဃ) တော်လှန်ရေးကောင်စီ တက်ရောက်ပြီးနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူမှု
၁၉၇၂ ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်း ဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သန်းခေါင်စာရင်း လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအားဗဟိုသန်းခေါင်စာရင်း ကော်မရှင်အဖြစ် တာဝန်ပေး၍ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာများကို အပ်နှင်းခဲ့ပေသည်။ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် ဆက်သွယ်ဆောင်ရွက်ရန် ပြည်နယ်၊တိုင်း၊ မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီတို့ အဆင့်ဆင့်အားလည်း
သန်းခေါင်စာရင်း ကော်မရှင်အဖြစ် တာဝန်ပေး၍ သန်းခေါင်စာရင်း ကော်မရှင် အဆင့်ဆင့်၏ လုပ်ကိုင်ခွင့်
အာဏာများကိုလည်း အပ်နှင်းခဲ့ပေသည်။
သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ယခင်က အစိုးရဝန်ထမ်းများသာ ကောက်ယူခဲ့သော အစဉ်အလာမှယခုအခါအမျိုးသားရေးလှုပ်ရှားမှုကြီးတစ်ရပ်အဖြစ် ကျောင်းသားလူငယ်များ၊ ပြည်သူများနှင့်တပ်မတော်သားများပါ ပူးပေါင်းပါဝင် ကောက်ယူရမည့် လုပ်ငန်းဖြစ်လာပြီး အသွင်သဏ္ဌာန်ရော အနှစ်သာရပါပြောင်းလဲခဲ့သည်။ ကျောင်းသူ၊ ကျောင်းသားများ၏ အင်အားကို အဓိကထား လုပ်ဆောင်ရမည် ဖြစ်သဖြင့်သန်းခေါင်စာရင်း ကောက်ယူမည့် အချိန်ကိုလည်း ကျောင်းသားများ အားလပ်သော နွေရာသီ ကျောင်းပိတ်ရက်အတွင်း ဖြစ်အောင် စီစဉ်ခဲ့သည်။ ဤသို့ကျောင်းသူ၊ ကျောင်းသားများ၏ အင်အားကို အဓိကထားသုံးရန် စီစဉ်ရခြင်းမှာ ကျောင်းသားများအနေဖြင့် အမျိုးသားရေး လုပ်ငန်းကြီး တစ်ရပ်တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ဆောင်ခွင့် ရရှိစေရန်နှင့် လုပ်သားပြည်သူတို့၏ ဘဝကို လက်တွေ့ လေ့လာရရှိစေရန် ဖြစ်ပေသည်။
မြန်မာတစ်ပြည်လုံးတွင် ထိုစဉ်က တည်ဆဲ အခြေအနေအရ မြို့နယ်ပေါင်း (၃၁၄)၊ မြို့ (၃၁၅)၊ ရပ်ကွက်ပေါင်း(၃,၃၃၄) နှင့် ကျေးရွာအုပ်စုပေါင်း (၁၃,၃၃၆) ရှိပေသည်။ ဤသို့ မြို့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်တစ်ကွက်လျှင် အိမ်ထောင်စု (၅၀) ပါဝင်မည့် စာရင်းကောက်ကွက်ပေါင်း (၁၃၃,၁၆၀) ကို ဖွဲ့စည်းခဲ့သည်။
စာရင်းကောက် အကွက်တစ်ကွက်လျှင် စာရင်းကောက်အဖွဲ့ဝင် သုံးဦးနှုန်းနှင့် အဖွဲ့ငါးဖွဲ့လျှင် စာရင်းစစ်
တစ်ဦးနှုန်းဖြင့် စာရင်းကောက် အဖွဲ့ဝင်ပေါင်း (၃၉၉,၄၈၀) နှင့် စာရင်းစစ်ပေါင်း (၂၆,၆၃၁) ဦးကို တာဝန်ပေးဆောင်ရွက်ခဲ့ပေသည်။ စာရင်းကောက်အဖွဲ့ ခေါင်းဆောင်အဖြစ် အထက်တန်း ကျောင်းသား၊
စာရင်းကောက်များအဖြစ် အလယ်တန်း ကျောင်းသား၊ စာရင်းစစ်များအဖြစ် တက္ကသိုလ် ဆရာများနှင့်
တက္ကသိုလ် ကျောင်းသားများက ဆောင်ရွက်ခဲ့ပေသည်။
ယင်းသို့ တာဝန်ပေးမည့် စာရင်းကောက်ယူရေး၊ စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ကျွမ်းကျွမ်းကျင်ကျင်
ဆောင်ရွက်နိုင်ရန် လုပ်အားပေး ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများနှင့် ရုံးအဖွဲ့ ဝန်ထမ်းများ
အတွက် သင်တန်းအဆင့် သုံးဆင့်နှင့် ဆင့်ပွား သင်တန်းများလည်း ဖွင့်ပေးခဲ့သည်။
သန်းခေါင်စာရင်း ကောက်ယူရေး ကြိုတင်လှုပ်ရှားမှုနှင့် လှုံ့ဆော်ပညာပေး လုပ်ငန်းများ
သန်းခေါင်စာရင်း ကောက်ယူရာ၌ လုပ်ငန်း ကျွမ်းကျင်မှုရှိစေရန် ပါဝင်ဆောင်ရွက်မည့် သူများကို သင်တန်းများပေးခဲ့သည့်အပြင် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ဗဟိုသန်းခေါင်စာရင်း ကော်မတီက ဦးဆောင်၍တစ်နိုင်ငံလုံး၌ သန်းခေါင်စာရင်း ကောက်ယူရန် ပြင်ဆင်ရာ၌ ဇန်နဝါရီလ ၅ ရက်မှ ၇ ရက်နေ့ထိသန်လျင်မြို့နယ်တွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ တာမွေမြို့နယ်တွင် လည်းကောင်းစမ်းသပ် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ကြသည်။ ယင်းမြို့များမှရရှိသည့် သင်ခန်းစာအတွေ့အကြုံများကို နမူနာယူ၍ တစ်နိုင်ငံလုံးတွင် လိုအပ်သလို အသုံးပြုသွားမည် ဖြစ်ပေသည်။
၎င်းအပြင် လှုံ့ဆော်ပညာပေး လုပ်ငန်းများကိုလည်း ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ရာ သန်းခေါင်စာရင်းများ
ကောက်ယူမည့် အကြောင်းနှင့် ကောက်ယူမည့် အချိန်ကာလများကို ဖော်ပြသော နံရံကပ်ပိုစတာ၊
လက်ကမ်းကြော်ငြာများအပြင် ပိုစတာကြီးများကိုလည်း ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စု တစ်ဝှန်းလုံးတွင်စိုက်ထူခြင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းနှစ်အဖြစ် အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်း ထုတ်ဝေခြင်း၊သန်းခေါင်စာရင်းအကြောင်း စာနယ်ဇင်းများတွင် လှုံ့ဆော်ပညာပေး ဆောင်းပါးများ ရေးသားထည့်သွင်းခြင်း၊
မြန်မာ့အသံမှလည်း သန်းခေါင်စာရင်းအကြောင်း ဟောပြောချက်များ၊ မြန်မာ့အသံ ကိုယ်စားလှယ်နှင့်
မေးမြန်းခန်းများ၊ သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် တေးသီချင်းများ အသံလွှင့်လှုံ့ဆော်ခြင်း၊
သတင်းစာများမှလည်း သန်းခေါင်စာရင်းကောက် အဖွဲ့များက မေးမြန်းမည့် မေးခွန်းများ၊ သန်းခေါင်စာရင်း
ကောက်ယူရမည့် ရည်ရွယ်ချက်၊ အကျိုးသက်ရောက်မှုနှင့် အစီအစဉ်များ၊ ဥပဒေ ပြဌာန်းချက်များ၊
ရှင်းလင်းချက်များကို ထည့်သွင်း ဖော်ပြပေးခြင်းနှင့် စာရင်းများ မကောက်ယူမီ နှစ်လခန့်ကြိုတင်၍ ပြည်သူပိုင်ရုပ်ရှင်ရုံ (၁၈၂) ရုံနှင့် ပုဂ္ဂလိကပိုင်ရုပ်ရှင်ရုံ (၂၄၀) တို့တွင်လည်း ပိုစတာများကို ရုပ်ရှင်ဆလိုက်များဖြင့်ကြော်ငြာ လှုံ့ဆော် ဆောင်ရွက်ခဲ့ပေသည်။
သန်းခေါင်စာရင်း ကောက်ယူခြင်း
သန်းခေါင်စာရင်း ကောက်ယူရန် မှတ်သားထားသော (၁-၄-၇၃) နေ့တွင် တစ်နိုင်ငံလုံးရှိ လူဦးရေစာရင်း
ရယူနိုင်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူရေးကို လုပ်သားပြည်သူ လူထု တစ်ရပ်လုံး၏ ပူးပေါင်း
ဆောင်ရွက်မှုနှင့်အတူ စတင်ကောက်ယူခဲ့သည်။
ယင်းသန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံး လူဦးရေမှာ (၂၈) သန်းကျော် (၂၈,၈၈၄,၂၆၇ ဦး)၊ အမျိုးသား
(၁၄,၃၅၅,၆၉၃ ဦး)၊ အမျိုးသမီး (၁၄,၅၂၈,၄၇၄ ဦး) ရှိကြောင်း သိရှိရသည်။
ဒုတိယအကြိမ် ကောက်ယူခြင်း
၁၉၈၃ ခုနှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသည် ဇန်နဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အတွင်းမင်္ဂလာဒုံမြို့နယ်၊ စမ်းချောင်းမြို့နယ်တို့၌ စမ်းသပ် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သည်။
ထိုမှတစ်ဆင့် ၁၉၈၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၅ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့်
သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ဒေသဆိုင်ရာ ပါတီ၊ ကောင်စီတို့၏ ဦးဆောင် ကြီးကြပ်မှုဖြင့်
အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
၁၉၈၃ ခု၊ အောက်တိုဘာလ ၂၈ ရက်နေ့ ဗဟိုသန်းခေါင်စာရင်း ကော်မတီ၏ ထုတ်ပြန်ချက်အရ ၃၁-၃-၈၃
ရက်နေ့တွင် ပြည်ထောင်စုတစ်ဝှန်းလုံးရှိ လူဦးရေသည် ၃၅,၃၁၃,၉၀၅ (၃၅ ဒဿမ ၃၁) သန်း ရှိကြောင်း
သိရသည်။ ယင်းလူဦးရေအရ အမျိုးသား ၁၇,၅၁၃,၅၄၁ ဦးနှင့် အမျိုးသမီး ၁၇,၈၀၀,၃၆၄ ဦး ဖြစ်ကြသည်။
မူရင်း - နှောင်းအတိတ် သမိုင်းရိပ်ထင်နေသည့် တံဆိပ်ခေါင်းများ (သိန်းဌေးနိုင်)